Monday, July 23, 2018

About Peridot Gems

Peridot ကျောက်မျက်ရတနာအကြောင်း သိကောင်းစရာ


Peridot (ပြောင်ခေါင်းစိမ်း)ကို ဟာဝိုင်အီ ကျွန်းမှာ အများဆုံးတွေ့ရှိရပြီး အမေရိကန်၊ သြစတြေးလျ၊ ဘရာဇီး၊ တရုတ်၊ ကင်ညာ၊ မက္ကဆီကို၊ နော်ဝေ၊ ပါကစ္စတန်၊ ဆော်ဒီ၊ ဗီယက်နမ်၊ သီရိလင်္ကာနှင့် မြန်မာနိုင်ငံ အစရှိသည်များမှာ ရှာဖွေတူးဖော်တွေ့ရှိနိုင်သော ကျော်ကြားတဲ့ အဖိုးတန်ကျောက်မျက်ရတနာ တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Peridot သည် မိုးကုတ်မြို့နယ် ပြောင်ခေါင်းကျေးရွာရှိ ကျောက်တွင်းများမှ ထွက်ရှိသောကြောင့် ပြောင်ခေါင်းစိမ်း လို့ ခေါ်ဆိုကြကြောင်း သိရပါတယ်။ Peridot က August လမှာ မွေးဖွားသူတွေ ဆောင်ထားသင့်တဲ့ ကျောက်မျက်ရတနာတစ်ခုဖြစ်ရုံသာမက မင်္ဂလာနှစ်ပတ်လည် ၁၆ နှစ်ပြည့်ကို ကိုယ်စားပြုထားတဲ့ ကျောက်မျက်ရတနာလည်း ဖြစ်ပါတယ်။ ရွှေရတု ငွေရတု ကို လူအများသိထားသလိုပဲ မင်္ဂလာနှစ်ပတ်လည် ၁၆ နှစ်ပြည့်ကိုတော့ Peridot ရတု လို့ ခေါ်ဆိုနိုင်ပါတယ်။
ခင်မင်မှု၊ ရင်းနှီးမှုကို တိုးပွားစေပြီး လွတ်လပ်တဲ့ စိတ်ကူးစိတ်သန်းတွေ ဖြစ်ပေါ်လာစေတဲ့ ကျောက်မျက်ရတနာတစ်ခု ဖြစ်သလို ပျော်ရွှင်မှုတွေ သယ်ဆောင်ပေးခြင်း၊ အောင်မြင်မှုတွေ ဆောင်ကျဉ်းပေးခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ ချစ်ခြင်းကိုဖြစ်ပေါ်စေခြင်း စတဲ့ ဂုဏ်သတ္တိတွေကိုလည်းပိုင်ဆိုင်ထားပါတယ်။Peridotကိုရွှေနဲ့ကွပ်ပြီးလက်စွပ်အဖြစ်ဝတ်ဆင်မယ်ဆိုရင်ကံကောင်းခြင်းတွေနဲ့ တွေ့ဆုံရနိုင်ခြင်း၊စိတ်နှလုံးအေးချမ်းတည်ငြိမ်မှုကိုပေးစွမ်းပြီးရန်အနှောင့်အယှက်အတိုက်အခံများမှ လျော့ပါးကင်းဝေးစေခြင်းစတဲ့အစွမ်းသတ္တိတွေရရှိလာလိမ့်မယ်လို့ရှေးလူတွေကယုံကြည်ခဲ့ကြပါတယ်။ညာဘက်လက်မှာ ဝတ်ဆင်ထားရင် ပိုထူးခြားတယ်လို့လည်း လေ့လာမှတ်သား၇ပါတယ်။ Egypt တို့ ကိုးကွယ်တဲ့ နေမင်းကို ကိုယ်စားပြုတဲ့ ကျောက်မျက်ရတနာဖြစ်တာကြောင့် အီဂျစ်နိုင်ငံသားတွေက Peridotကိုအထွဋ်အမြတ်ထားခဲ့တယ်လို့လည်း မှတ်သား
ရပါတယ်။
Peridot မှာ အရောင်အဆင်း သိပ်မများလှပါဘူး။ စိမ်းဝါရောင် အရောင်နဲ့သာ တွေ့ရှိရပြီး ပါဝင်တဲ့ သတ္ထုအချိုးအစားပေါ် မူတည်ပြီး အရောင် အနုအရင့်သာ ကွာပါတယ်။ အဝါရောင်များတဲ့ စိမ်းဝါရောင်ကနေ အညိုဘက်နည်းနည်းသမ်းတဲ့ စိမ်းဝါရောင် အထိ အရောင်အနုအရင့်ကွဲပြားပါတယ်။ တန်ဖိုးအမြင့်ဆုံး၊ အလှဆုံးအရောင်ကတော့ Dark olive-green (သံလွင်စိမ်းရင့်ရောင်) ဖြစ်ပါတယ်။
Source>>>>Internet
Author: GemsTrainingCenter Admin Team

No comments:

Post a Comment