ဖားကန့်ဒေသရှိ ကျောက်စိမ်းကုမ္ပဏီလုပ် ကွက်တစ်ခုအတွင်း အရည်အသွေးမီကျောက်စိမ်း အရိုင်းတုံးကြီးတစ်တုံးကို ရေမဆေးကျောက်ရှာဖွေသူ များကတူးယူနိုင်ခဲ့ရာ ကုမ္ပဏီက ကျပ်သိန်းတစ်သောင်းနှစ်ထောင်ကျော်ဈေးဖြတ်၍ ပြန်လည်ဝယ်ယူကာ လုံ ခြုံရေးအစောင့်အရှောက်ဖြင့် ထိန်းသိမ်းထားသည်။ ဖားကန့်မြို့နယ် ဝေခါကျေးရွာ(ဝေခါမှော်)ရှိကျောက်မျက်ရွှေပြည်ကုမ္ပဏီပိုင် လုပ်ကွက်သို့ ရေ မဆေးကျောက်ရှာဖွေသူများ ဝင်ရောက်ရှာဖွေစဉ် ဇန်နဝါရီ ၁၉ ရက်က တွေ့ရှိခဲ့သည်။ အရှည်လေးပေခန့်၊ အမြင့်နှစ်ပေခွဲခန့်နှင့် ထိပ်ဝ နှစ်ပေခန့် ကျယ်ပြီး အလေးချိန် ၁ ဒသမ ၄ တန်ခန့် ရှိ ယင်း ကျောက်စိမ်းတုံးကို ကျပ်သိန်း တစ်သောင်းနှစ်ထောင့်ငါးရာဖြင့် ကုမ္ပဏီက ပြန်လည်ဝယ်ယူခဲ့ ကြောင်း ဖားကန့်မြို့နယ် ကျောက်မျက်ရုံးနှင့် ဒေသတွင်းလွှတ်တော် ကိုယ်စားလှယ်အချို့က ပြော ကြားသည်။ ဖားကန့်မြို့နယ် ကျောက် မျက်ရုံးမှ တာဝန်ရှိသူတစ်ဦးက ‘‘လုံခြုံတဲ့နေရာမှာ ရှိနေပါတယ်။ တပ်မတော်ရော၊ ဌာနရော၊ ကုမ္ပ ဏီရောက ဒီကျောက်စိမ်းတုံး အလေအလွင့်မရှိအောင် သုံးဦး သုံးဖလှယ်ချိတ်ဆက်ဆောင်ရွက် နေပါတယ်’’ဟု ဇန်နဝါရီ ၂၄ ရက် တွင် ပြောကြားသည်။ ယင်းကျောက်စိမ်းတုံးသည် အရည်အသွေးမြင့် ကျောက်စိမ်း တုံးဖြစ်ကြောင်း ဒေသခံများအ ကြား သတင်းကြီးနေကာ အလေ အလွင့်ဖြစ်ပြီး နိုင်ငံတော်အတွက် အကျိုးမဲ့ဖြစ်မည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောသည်။ ကျောက်စိမ်းတုံးအား ကျောက်ကြည့်ဓာတ် မီးဖြင့် ကြည့်နေသည့် လူမှုကွန်ရက်တွင် တင်ထားသော ဗီဒီယိုဖိုင်၌ အရည်အသွေးမြင့် ကျောက်စိမ်းတုံးများတွင် တွေ့ရလေ့ရှိ သော အစိမ်းရောင်ကျောက်ကြော များ မြင်တွေ့ရသည်ဟု ကျောက်မျက်အကြောင်း နားလည်သူ အချို့က ဆိုသည်။ ရေမဆေးကျောက်ရှာဖွေသူ တစ်ဦးက ‘‘ကျွန်တော့်သူငယ်ချင်း တွေ တွေ့တာ။ ပြည်တန်ကျောက် ဆိုပေမယ့် ကုမ္ပဏီက သူတို့ပေး တဲ့ ဈေးမယူရင် မရဘူးပြောတယ် လို့ ပြောပြတယ်။ ဒါနဲ့ရောင်းသွား တာ’’ဟု ပြောသည်။ ဖားကန့်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင် စိုးက ယင်းကျောက်စိမ်းတုံး သည် ကျောက်မျက်ရုံးအတွင်း ရောက်ရှိနေပြီဖြစ်ကာ နိုင်ငံတော် အတွက် အကျိုးမဲ့ မဖြစ်စေရေး စောင့်ကြည့်ထိန်းသိမ်းနေကြောင်း ပြောသည်။ ‘‘လုံခြုံတဲ့နေရာမှာ ရောက် နေပြီ။ ကျောက်စိမ်းအလေးချိန်က ၁,၄၆၆ ကီလို။ တန်နဲ့ဆို ၁ ဒသမ ၄ တန်ပေါ့။ လုံခြုံရေးအတွက်ကို ပဲ သတင်းစသိကတည်းက သက် ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပေါင်း စပ်ပြီး လုပ်နေပါတယ်’’ဟု ဆို သည်။ ဖားကန့်ဒေသတွင် ကျောက် စိမ်းကုမ္ပဏီလုပ်ကွက်များအ တွင်း ရေမဆေးကျောက်ရှာဖွေသူ များတွေ့ရှိသော အရည်အသွေး မြင့် ကျောက်စိမ်းတုံးအချို့နှင့် ပတ်သက်၍ ကုမ္ပဏီလုံခြုံရေးအ ဖွဲ့နှင့် ရေမဆေးကျောက်ရှာဖွေ သူများအကြား ဈေးနှုန်းညှိနှိုင်းမှု အဆင်မပြေဖြစ်ကာ နှစ်ဖက်ပဋိ ပက္ခများ ဖြစ်ပွားခဲ့ဖူးသည်။ ယခုဖြစ်ရပ်တွင်မူ ပြဿနာတစ်စုံတစ် ရာမဖြစ်ပွားခဲ့ပေ။ ပြီးခဲ့သည့် ၂၀၁၇ ဧပြီက လည်း ဖားကန့်ဒေသတွင် ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်အတွင်းမှ အလေးချိန်ရှစ်တန်ခန့်နှင့် ပိဿာနှစ်ရာခန့် ကျောက်စိမ်းအရိုင်းတုံး နှစ်တုံးကို ရေမဆေးကျောက်ရှာ ဖွေသူများက တွေ့ရှိပြီး ကနဦးကာလ၌ နှစ်ဖက်ညှိနှိုင်းမှု အဆင်မပြေဖြစ်ကာ တင်းမာမှုဖြစ် ပွားဖူးသည်။
မူရင်း credit.🔁
<img src="http://img0.joyreactor.com/pics/post/gif-sandbox-Daz-Hyper-Realistic-3131816.gif" width="200px" height="100px">
No comments:
Post a Comment