Monday, July 23, 2018

Tourmaline (မဟူရာဆိုတာ)

မဟူရာကျောက်သည် နဝရတ်(၉)ပါး
ဝင် ကျောက် မဟုတ်သော်လည်း တန်ဖိုး အသင့်အတင့် ရှိပြီး လူအများ ဝတ်ဆင် လေ့ ရှိကြပါသည်။

မဟူရာကျောက်၏ မာခြင်းအဆင့်မှာ ၇ မှ ၇.၅ ထိရှိပါသည်။
မဟူရာကျောက်သည် အရောင်ပေါ်မူတည်၍ နာမည်အခေါ်အဝေါ်များ ကွဲပြားလေ့ ရှိပါသည်။
အများအားဖြင့် မဟူရာကျောက်ကိုသာလူသိများပြီး ကျန် မှတ်မီး နှင့် ဖရဲအူတို့ကို အမျိုးတူသည် ဟုအသိနည်းပါသည်။
မဟူရာကျောက်၏ ဓာတုဖွဲ့စည်းမှုမှာ ဘိုရို ဆီလီကိတ်တွင် မဂ္ဂနီစီယံအလူမီနီယံ သံဓါတ်တို့ ရောနှောပါဝင်သည်
ဟု သိရှိရပါသည်။
ပါဝင်သော အချိုးပေါ်မူတည်ကာ
အရောင်များကွဲပြားရခြင်းဖြစ်ပါသည်။
မဟူရာ ကို အရောင်ပေါ် လိုက်ပြီး
အရောင်မဲ့ ပန်းရောင် ညိုဝါရောင်
အပြာရောင် အနီရောင်(ဖရဲအူ)
အစိမ်းရောင်(မှတ်မီး မဟူရာစိမ်း) အနက်ရောင်(မဟူရာ) အရောင်များစပ်ပြီးတွဲနေလျှင် ပါတီ ဟုခေါ်လေ့ ရှိကြပါသည်။
မဟူရာကျောက် သည် ၈ -ရက် ၁၇- ရက် ၂၆ -ရက် နေ့များတွင် မွေးဖွားသူများ အတွက် အဆောင်ကျောက် အဖြစ် ဆောင်ထားသင့်သော အဆောင်ကျောက်မျက် ဖြစ်ပါသည်။
မဟူရာကျောက် ကိုဆောင်ထားပါက
သူများ မပြုစားနိုင်ခြင်း အတွေးအခေါ် ကောင်းစေခြင်း ရန်များကို အောင်စေခြင်း စသည်တို့ကို ပေးစွမ်း နိုင်ပါသည်။

Source form >> Internet search
owner post >> https://steemit.com/myanmar/@tintinnyo/gems-part-8

About Peridot Gems

Peridot ကျောက်မျက်ရတနာအကြောင်း သိကောင်းစရာ


Peridot (ပြောင်ခေါင်းစိမ်း)ကို ဟာဝိုင်အီ ကျွန်းမှာ အများဆုံးတွေ့ရှိရပြီး အမေရိကန်၊ သြစတြေးလျ၊ ဘရာဇီး၊ တရုတ်၊ ကင်ညာ၊ မက္ကဆီကို၊ နော်ဝေ၊ ပါကစ္စတန်၊ ဆော်ဒီ၊ ဗီယက်နမ်၊ သီရိလင်္ကာနှင့် မြန်မာနိုင်ငံ အစရှိသည်များမှာ ရှာဖွေတူးဖော်တွေ့ရှိနိုင်သော ကျော်ကြားတဲ့ အဖိုးတန်ကျောက်မျက်ရတနာ တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Peridot သည် မိုးကုတ်မြို့နယ် ပြောင်ခေါင်းကျေးရွာရှိ ကျောက်တွင်းများမှ ထွက်ရှိသောကြောင့် ပြောင်ခေါင်းစိမ်း လို့ ခေါ်ဆိုကြကြောင်း သိရပါတယ်။ Peridot က August လမှာ မွေးဖွားသူတွေ ဆောင်ထားသင့်တဲ့ ကျောက်မျက်ရတနာတစ်ခုဖြစ်ရုံသာမက မင်္ဂလာနှစ်ပတ်လည် ၁၆ နှစ်ပြည့်ကို ကိုယ်စားပြုထားတဲ့ ကျောက်မျက်ရတနာလည်း ဖြစ်ပါတယ်။ ရွှေရတု ငွေရတု ကို လူအများသိထားသလိုပဲ မင်္ဂလာနှစ်ပတ်လည် ၁၆ နှစ်ပြည့်ကိုတော့ Peridot ရတု လို့ ခေါ်ဆိုနိုင်ပါတယ်။
ခင်မင်မှု၊ ရင်းနှီးမှုကို တိုးပွားစေပြီး လွတ်လပ်တဲ့ စိတ်ကူးစိတ်သန်းတွေ ဖြစ်ပေါ်လာစေတဲ့ ကျောက်မျက်ရတနာတစ်ခု ဖြစ်သလို ပျော်ရွှင်မှုတွေ သယ်ဆောင်ပေးခြင်း၊ အောင်မြင်မှုတွေ ဆောင်ကျဉ်းပေးခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ ချစ်ခြင်းကိုဖြစ်ပေါ်စေခြင်း စတဲ့ ဂုဏ်သတ္တိတွေကိုလည်းပိုင်ဆိုင်ထားပါတယ်။Peridotကိုရွှေနဲ့ကွပ်ပြီးလက်စွပ်အဖြစ်ဝတ်ဆင်မယ်ဆိုရင်ကံကောင်းခြင်းတွေနဲ့ တွေ့ဆုံရနိုင်ခြင်း၊စိတ်နှလုံးအေးချမ်းတည်ငြိမ်မှုကိုပေးစွမ်းပြီးရန်အနှောင့်အယှက်အတိုက်အခံများမှ လျော့ပါးကင်းဝေးစေခြင်းစတဲ့အစွမ်းသတ္တိတွေရရှိလာလိမ့်မယ်လို့ရှေးလူတွေကယုံကြည်ခဲ့ကြပါတယ်။ညာဘက်လက်မှာ ဝတ်ဆင်ထားရင် ပိုထူးခြားတယ်လို့လည်း လေ့လာမှတ်သား၇ပါတယ်။ Egypt တို့ ကိုးကွယ်တဲ့ နေမင်းကို ကိုယ်စားပြုတဲ့ ကျောက်မျက်ရတနာဖြစ်တာကြောင့် အီဂျစ်နိုင်ငံသားတွေက Peridotကိုအထွဋ်အမြတ်ထားခဲ့တယ်လို့လည်း မှတ်သား
ရပါတယ်။
Peridot မှာ အရောင်အဆင်း သိပ်မများလှပါဘူး။ စိမ်းဝါရောင် အရောင်နဲ့သာ တွေ့ရှိရပြီး ပါဝင်တဲ့ သတ္ထုအချိုးအစားပေါ် မူတည်ပြီး အရောင် အနုအရင့်သာ ကွာပါတယ်။ အဝါရောင်များတဲ့ စိမ်းဝါရောင်ကနေ အညိုဘက်နည်းနည်းသမ်းတဲ့ စိမ်းဝါရောင် အထိ အရောင်အနုအရင့်ကွဲပြားပါတယ်။ တန်ဖိုးအမြင့်ဆုံး၊ အလှဆုံးအရောင်ကတော့ Dark olive-green (သံလွင်စိမ်းရင့်ရောင်) ဖြစ်ပါတယ်။
Source>>>>Internet
Author: GemsTrainingCenter Admin Team

Sunday, July 22, 2018

About Gems

 ဖားကန့်ဒေသရှိ ကျောက်စိမ်းကုမ္ပဏီလုပ် ကွက်တစ်ခုအတွင်း အရည်အသွေးမီကျောက်စိမ်း အရိုင်းတုံးကြီးတစ်တုံးကို ရေမဆေးကျောက်ရှာဖွေသူ များကတူးယူနိုင်ခဲ့ရာ ကုမ္ပဏီက ကျပ်သိန်းတစ်သောင်းနှစ်ထောင်ကျော်ဈေးဖြတ်၍ ပြန်လည်ဝယ်ယူကာ လုံ ခြုံရေးအစောင့်အရှောက်ဖြင့် ထိန်းသိမ်းထားသည်။  ဖားကန့်မြို့နယ် ဝေခါကျေးရွာ(ဝေခါမှော်)ရှိကျောက်မျက်ရွှေပြည်ကုမ္ပဏီပိုင် လုပ်ကွက်သို့ ရေ မဆေးကျောက်ရှာဖွေသူများ ဝင်ရောက်ရှာဖွေစဉ် ဇန်နဝါရီ ၁၉ ရက်က တွေ့ရှိခဲ့သည်။ အရှည်လေးပေခန့်၊ အမြင့်နှစ်ပေခွဲခန့်နှင့် ထိပ်ဝ နှစ်ပေခန့် ကျယ်ပြီး အလေးချိန် ၁ ဒသမ ၄ တန်ခန့် ရှိ ယင်း ကျောက်စိမ်းတုံးကို ကျပ်သိန်း တစ်သောင်းနှစ်ထောင့်ငါးရာဖြင့် ကုမ္ပဏီက ပြန်လည်ဝယ်ယူခဲ့ ကြောင်း ဖားကန့်မြို့နယ် ကျောက်မျက်ရုံးနှင့် ဒေသတွင်းလွှတ်တော် ကိုယ်စားလှယ်အချို့က ပြော ကြားသည်။  ဖားကန့်မြို့နယ် ကျောက် မျက်ရုံးမှ တာဝန်ရှိသူတစ်ဦးက ‘‘လုံခြုံတဲ့နေရာမှာ ရှိနေပါတယ်။ တပ်မတော်ရော၊ ဌာနရော၊ ကုမ္ပ ဏီရောက ဒီကျောက်စိမ်းတုံး အလေအလွင့်မရှိအောင် သုံးဦး သုံးဖလှယ်ချိတ်ဆက်ဆောင်ရွက် နေပါတယ်’’ဟု ဇန်နဝါရီ ၂၄ ရက် တွင် ပြောကြားသည်။  ယင်းကျောက်စိမ်းတုံးသည် အရည်အသွေးမြင့် ကျောက်စိမ်း တုံးဖြစ်ကြောင်း ဒေသခံများအ ကြား သတင်းကြီးနေကာ အလေ အလွင့်ဖြစ်ပြီး နိုင်ငံတော်အတွက် အကျိုးမဲ့ဖြစ်မည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောသည်။ ကျောက်စိမ်းတုံးအား ကျောက်ကြည့်ဓာတ် မီးဖြင့် ကြည့်နေသည့် လူမှုကွန်ရက်တွင် တင်ထားသော ဗီဒီယိုဖိုင်၌ အရည်အသွေးမြင့် ကျောက်စိမ်းတုံးများတွင် တွေ့ရလေ့ရှိ သော အစိမ်းရောင်ကျောက်ကြော များ မြင်တွေ့ရသည်ဟု ကျောက်မျက်အကြောင်း နားလည်သူ အချို့က ဆိုသည်။  ရေမဆေးကျောက်ရှာဖွေသူ တစ်ဦးက ‘‘ကျွန်တော့်သူငယ်ချင်း တွေ တွေ့တာ။ ပြည်တန်ကျောက် ဆိုပေမယ့် ကုမ္ပဏီက သူတို့ပေး တဲ့ ဈေးမယူရင် မရဘူးပြောတယ် လို့ ပြောပြတယ်။ ဒါနဲ့ရောင်းသွား တာ’’ဟု ပြောသည်။  ဖားကန့်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်  စိုးက ယင်းကျောက်စိမ်းတုံး သည် ကျောက်မျက်ရုံးအတွင်း ရောက်ရှိနေပြီဖြစ်ကာ နိုင်ငံတော် အတွက် အကျိုးမဲ့ မဖြစ်စေရေး စောင့်ကြည့်ထိန်းသိမ်းနေကြောင်း ပြောသည်။  ‘‘လုံခြုံတဲ့နေရာမှာ ရောက် နေပြီ။ ကျောက်စိမ်းအလေးချိန်က ၁,၄၆၆ ကီလို။ တန်နဲ့ဆို ၁ ဒသမ ၄ တန်ပေါ့။ လုံခြုံရေးအတွက်ကို ပဲ သတင်းစသိကတည်းက သက် ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပေါင်း စပ်ပြီး လုပ်နေပါတယ်’’ဟု ဆို သည်။  ဖားကန့်ဒေသတွင် ကျောက် စိမ်းကုမ္ပဏီလုပ်ကွက်များအ တွင်း ရေမဆေးကျောက်ရှာဖွေသူ များတွေ့ရှိသော အရည်အသွေး မြင့် ကျောက်စိမ်းတုံးအချို့နှင့် ပတ်သက်၍ ကုမ္ပဏီလုံခြုံရေးအ ဖွဲ့နှင့် ရေမဆေးကျောက်ရှာဖွေ သူများအကြား ဈေးနှုန်းညှိနှိုင်းမှု အဆင်မပြေဖြစ်ကာ နှစ်ဖက်ပဋိ ပက္ခများ ဖြစ်ပွားခဲ့ဖူးသည်။ ယခုဖြစ်ရပ်တွင်မူ ပြဿနာတစ်စုံတစ် ရာမဖြစ်ပွားခဲ့ပေ။  ပြီးခဲ့သည့် ၂၀၁၇ ဧပြီက လည်း ဖားကန့်ဒေသတွင် ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်အတွင်းမှ အလေးချိန်ရှစ်တန်ခန့်နှင့် ပိဿာနှစ်ရာခန့် ကျောက်စိမ်းအရိုင်းတုံး နှစ်တုံးကို ရေမဆေးကျောက်ရှာ ဖွေသူများက တွေ့ရှိပြီး ကနဦးကာလ၌ နှစ်ဖက်ညှိနှိုင်းမှု အဆင်မပြေဖြစ်ကာ တင်းမာမှုဖြစ် ပွားဖူးသည်။
မူရင်း credit.🔁
<img src="http://img0.joyreactor.com/pics/post/gif-sandbox-Daz-Hyper-Realistic-3131816.gif" width="200px" height="100px">